Reels ဆိုတာကတော့ Facebook ရဲ့ အသစ်ထပ်မံထွက်ရှိထားတဲ့ post Format တစ်မျိုးဖြစ်ပြီး Tiktok မှာလိုပဲ Short Video တွေကို effectတွေ၊ Music တွေနဲ့ဖန်တီးမျှဝေနိုင်မှာဖြစ်ပါတယ်။
Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က Instagram Reels ကို 2020 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး Facebook Reels ကိုတော့ 2021 မှာ US၊ Canada၊ Mexico နှင့် India ကဲ့သို့သော နိုင်ငံများတွင် အသုံးပြုစေခဲ့ပါတယ်။ ယခု 2022 မှာတော့ နိုင်ငံပေါင်း 150 ကျော်အထိ Facebook Reels ကိုအသုံးပြုနိုင်နေပြီဖြစ်ပါတယ်။
Tiktok VS Reel
Tiktok ကတော့ 2016 မှာ တရုတ်က စတင်တီထွင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ musicaly ထည့်သွင်းပြီးသည့်တိုင် အသုံးပြုသူများများစားစားမရှိသေးပါဘူး။ ဒါပေမယ့် ယခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းအသုံးပြုသူ သန်းချီရှိနေပြီဖြစ်ပါတယ်။
ဒါပေမယ့် အမှီလိုက်လာတဲ့ Reel ာ Tiktok လိုပဲ Multi-clip, Music, Audio, AR Effect, Text Overlay တွေနဲ့ creation ပြုလုပ်နိုင်ပေမယ့် music ရွေးချယ်တဲ့အပိုင်းမှာတော့ tiktok နဲ့ instagram တွေမှာလို song title အလွယ်တကူရှာဖွေလို့မရတာမျိုးတော့ ရှိနိုင်ပါတယ်။
Reels တွေက Facebook ရဲ့ Feedတွေမှာ၊ Reels Sections တွေ မှာ တက်လာမှာဖြစ်သလို Meta ပြောပုံအရဆိုရင်တော့ Stories နဲ့watch tab တွေအထိ Reels တွေကို တွေ့မြင်လာရနိုင်ချေရှိပါတယ်။ Instagram နဲ့လည်း crosspost တွေပြုလုပ်နိုင်မှာဖြစ်တာကြောင့် Tiktok ထက် အသုံးပြုသူပိုများတဲ့ Facebook နဲ့ Instagram ကြောင့် Reels တွေက အတော်လေး ခေတ်စားလာနိုင်ပါတယ်။
Facebook ရဲ့ နေရာအနှံ့မှာ reels တွေကို မြင်နေရမှာ ဖြစ်တဲ့အတွက် organic reach တွေ ပိုကောင်းနိုင်သလို paid အနေနဲ့ overlay ads, banner ads, နဲ့ sticker ads တွေပါ ပါရှိလာနိုင်တာကြောင့် creator နဲ့ လုပ်ငန်းရှင်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ ဝင်ငွေလမ်းကြောင်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း တချို့ Facebook account တွေမှာ Reels တွေအသုံးနိုင်ပြီဖြစ်ပါတယ်။
မိတ်ဆွေတို့ Facebook မှာရော Reels ကိုအသုံးပြုနိုင်ပြီလား ?
သင့် စီးပွားရေးလုပ်ငန်းအတွက် လိုအပ်တဲ့ Social Media Service တွေကိုတော့ Digital Dots Creative မှာ One stop Service အနေနဲ့ တစ်နေရာတည်း ဖြည့်ဆည်းပေးနေပါပြီ။
Ready to work with us?
Hire a professional team and get your project done efficiently.
or call us on +95 9 8989 460 15
Social Media Management
Social media marketing or management refers to the process of gaining traffic or attention through social media sites. We help brands use it to connect in meaningful ways.