Social Media မှာ မိမိလုပ်ငန်းတွေကို ချဲ့ထွင်လုပ်ကိုင်နေသူတွေနဲ့ Social Media Marketing ကို စိတ်ဝင်စားသူတွေအတွက် အသုံးအဝင်စေမယ့် Social media user နဲ့ပတ်သတ်တဲ့ နောက်ဆုံးရ data အချက်အလက် လေးတွေကို Digital Dots က မျှဝေပေးလိုက်ပါတယ်။ ဒီအချက်အလက်တွေကိုတော့ NapoleanCats.com ကနေ ထုတ်ပြန်ပေးထားတာဖြစ်ပါတယ်။
Facebook users in Myanmar | December 2021
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိကောက်ယူထားတဲ့ စာရင်းအချက်အလက်တွေအရ Facebook သုံးစွဲသူအရေအတွက်ဟာ ၂၁၈၆၇၀၀ ယောက် ရှိ ပြီး ဒါဟာ မြန်မာ့ လူဦးရေ ရဲ့ ၃၉.၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။
Facebook သုံးစွဲသူတွေမှာ ၅၅.၁ ရာခိုင်နှုန်းကတော့ အမျိုးသားတွေဖြစ်ကြပြီး ကျန်တဲ့ ၄၄.၉ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပါတယ်။
အသက် ၂၅ နှစ်မှ ၃၄ နှစ်ကြား လူတွေက Facebook အများဆုံး အသုံးပြုသူ အုပ်စု ဖြစ်တယ်လို့ data တွေက ဖော်ပြထားပါတယ်။
အသုံးပြုသူ အမျိုးသားနဲ့ အမျိုးသမီး အမြင့်ဆုံးကွာခြားချက်ကတော့ အသက် ၂၅ နှစ်မှ ၃၄ နှစ်ကြား အုပ်စုမှာ ရှိနေပြီး အမျိုးသားအသုံးပြုသူတွေက ၁၁၀၀၀၀ လောက် ဦးဆောင်နေတာ ဖြစ်ပါတယ်။
Instagram Users in Myanmar | December 2021
NapoleonCat.com မှာ ထုတ်ပြန်ထားတဲ့ Data တွေအရ မြန်မာနိုင်ငံရဲ့ Instagram အသုံးပြုသူအရေအတွက်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိရေတွက်ရင် ၁၈၇၆၇၀၀ ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ မြန်မာ့လူဦးရေရဲ့ ၃.၄ ရာခိုင်နှုန်းရှိပါတယ်။
Instagram ကိုတော့ အမျိုးသမီးတွေက ပိုမိုအသုံးပြုကြပြီး ၅၄.၅ရာခိုင်နှုန်းရှိပါတယ်။
အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်ကြားရှိသူတွေက Instagram ကို အများဆုံးအသုံးပြုတဲ့ အသက်အုပ်စုဖြစ်ပါတယ်။
Instagram အသုံးပြုသူ အမျိုးသားနဲ့ အမျိုးသမီး အမြင့်ဆုံးကွာခြားချက်ကတော့ အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား လူတွေမှာရှိနေပြီး အမျိုးသမီးအသုံးပြုသူတွေက ၁၀၀၀၀၀ လောက်ပိုများနေတာဖြစ်ပါတယ်။
Messenger Users in Myanmar | December 2021
2021 ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံရဲ့ messenger သုံးစွဲသူအရေအတွက်ဟာ ၂၀၀၃၄၇၀ ယောက်ရှိ ပြီး မြန်မာ့လူဦးရေရဲ့ ၃၅.၉ ရာခိုင်နှုန်းအထိ messenger ကိုအသုံးပြုနေကြတာလည်းဖြစ်ပါတယ်
Messenger ကိုလည်း အမျိုးသားတွေက ပိုမိုအသုံးပြုကြပြီး ၅၅.၂ ရာခိုင်နှုန်းရှိပါတယ်။
၂၅ နှစ် နဲ့ ၃၄ နှစ်ကြား အသက်အရွယ်ရှိသူတွေက Messenger ကို အများဆုံးအသုံးပြုတဲ့ အသက်အုပ်စုလည်း ဖြစ်ပါတယ်။
အသုံးပြုသူ အမျိုးသားနဲ့ အမျိုးသမီးကြား အမြင့်ဆုံးကွာခြားချက်ကလည်း ၂၅ နှစ်နဲ့ ၃၄ နှစ်ကြား အသက်အုပ်စုမှာ ရှိနေပြီး အမျိုးသားအသုံးပြုသူတွေက ၁၀၀၀၀၀ လောက်ပိုမို ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။
Linkedin Users in Myanmar | December 2021
NapoleonCat.com ရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာရှိတဲ့ LinkedIn အသုံးပြုသူအရေအတွက်ဟာ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလမှာ ၆၅၇၅၀၀ ယောက် အထိရှိလာပြီဖြစ်ပါတယ်။ မြန်မာ့လူဦးရေရဲ့ ၁.၂ ရာခိုင်နှုန်းအထိ LinkedIn ကိုသုံးလာကြတယ်လို့လည်း မှတ်ယူနိုင်ပါတယ်။
အသက် ၂၅ နှစ် နဲ့ ၃၄ နှစ်ကြား ရှိတဲ့သူတွေက LinkedIn ကို အများဆုံးအသုံးပြုကြတဲ့ အုပ်စုလည်းဖြစ်ပါတယ်။
Digital Marketing နဲ့ပတ်သက်တဲ့ One-Stop Services တွေအတွက် Digital Dots Creative Agency ကို သတိရလိုက်ပါ။
Ready to work with us?
Hire a professional team and get your project done efficiently.
or call us on +95 9 8989 460 15
Recent Posts
- Boost Your Facebook Page Strategies to Increase Reach and Engagement
- YouTube Introduces 'Members Only Shorts' to Boost Creator Subscriptions
- The Return of Pokes A Nostalgic Revival on Facebook
- Social Platform Image Size Requirements in 2024 A Comprehensive Guide
- Understanding Social Media Platform Performance Engagement Per Post
- TikTok Provides Creative Strategy Tips
- Instagram's New Frontier Testing Carousel Posts
Social Media Management
Social media marketing or management refers to the process of gaining traffic or attention through social media sites. We help brands use it to connect in meaningful ways.