Social Media မှာကိုယ်ပိုင်လုပ်ငန်းလုပ်နေပြီဆိုရင်တော့ Newfeed မှာ တင်ထားတဲ့ကိုယ့်ပုံဟာ ဘောင်ဝင်ရဲ့လားဆိုတာ ဆန်းစစ်တတ်ဖို့ လိုပါတယ်။ Facebook Newfeed photo , cover photo တွေကို logoတွေ information တွေ ပြတ်ထွက်မနေစေဖို့အတွက် Hootsuit ကထုတ်ပေးထားတဲ့ Social Media Guideline 2022 ထဲက Facebook အတွက် guidelines အချို့ကို Digital Dots ကနေ မျှဝေပေးလိုက်ပါတယ်။
Facebook Image Sizes
Facebook ကတော့ သူ့ရဲ့ ဒီဇိုင်းပိုင်းနဲ့ ရုပ်ပုံအတိုင်းအတာတွေကို အမြဲ update လုပ်နေလေ့ရှိပါတယ်။ ကိုယ့်ရဲ့ Brand ကို Facebook ပေါ်မှာ အရည်အသွေးမြင့်တဲ့ ပုံတွေနဲ့ အမြဲ up to date ဖြစ်နေပြီး ရလဒ်ကောင်းကောင်း ရချင်ရင်တော့ သူချမှတ်ပေးထားတဲ့ format တွေကို အမြဲလိုက်နာဖို့လိုပါတယ်။
Profile Picture တွက် Facebook ပုံအရွယ်အစားများ
Desktop မှာ Facebook Profile picture တွေက 170 x 170 pixelsနဲ့ ပြသပါတယ်။
ဒါပေမယ့် Smart ဖုန်းတွေမှာတော့ 128 x 128 pixels အတိုင်း ပြသပေးပါတယ်။
Cover Photo အတွက် Facebook ပုံအရွယ်အစားများကိုတော့ 851 x 315 pixels နဲ့အကြံပြုထားပါတယ်။ Display size ကတော့ Desktop မှာ 820 x 312 pixelsSmart Phone တွေမှာ 640 x 360 pixels ရှိပါတယ်။ Minimum size ကတော့ 400 x 150 pixel လောက်ရှိပြီး ဖိုင်အရွယ်အစားကတော့ 100 KBအောက်မှာ ရှိသင့်ပါတယ်။
ဒီနေရာမှာ အကြံပြုချက် အနေနဲ့
- ချုံ့တာတွေ ပုံပျက်တာတွေ မဖြစ်စေဖို့ JPG သို့မဟုတ် PNG ဖိုင်ကိုအမျိုးအစားနဲ့သာ အပ်လုဒ်လုပ်သင့်ပါတယ်။
- အလျင်မြန်ဆုံး load time အတွက် အကြံပြုထားတဲ့ pixel အရွယ်အစားများကို အသုံးပြုသင့်ပါတယ်။
- (၃)လိုဂို နဲ့ Text တွေပါတဲ့ Profile pictures နဲ့ cover photos တွေအတွက်တော့ png file နဲ့ upload လုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။
Post နှင့် Timeline Photos တွေအတွက် Facebook ပုံအရွယ်အစား
Facebook မှာ timeline အတွက်တင်ဖို့ဆိုရင်တော့ ပုံတွေက 500 pixels ကျယ်ပြီး 1.91:1 အချိုးအစားနှင့် အံဝင်ခွင်ကျဖြစ်နေရမှာဖြစ်ပါတယ်။
Recommended Size – 1200 x 630 pixels
Minimum Size – 600 x 315 pixels
အကြံပြုချက်များ
- Facebook ပို့စ်တွင် ပုံ 2 ပုံကနေ 10 ပုံ ခန့်အထိ မျှဝေမယ်ဆိုရင်တော့ ပုံတွေကို 1200 x 1200 pixels 1:1 အချိုးနဲ့ တင်သင့်ပါတယ်။
Facebook event cover photo ပုံအရွယ်အစားများ– 1200 x 628 pixels
Facebook event cover photo ပုံအရွယ်အစားအတွက်တော့ ၂း၁ အချိုးရှိတဲ့ 1200 x 628 pixels သုံးဖို့ အကြံပြုပါတယ်။
အကြံပြုချက်များ
- Facebook Event တွေမှာတော့ ပုံကို event ထဲ add လိုက်ပြီဆိုတာနဲ့ Event Cover Photo အရွယ်အစားကို editလုပ်လို့ မရနိုင်ပါဘူး။
Panorama သို့မဟုတ် 360 ဓာတ်ပုံများအတွက် Facebook ပုံအရွယ်အစားများ
ဒီနေရာမှာတော့ Minimum Size အနေနဲ့ “မည်သည့် dimension မှာမဆို 30,000 pixels ရှိရမှာဖြစ်ပြီး စုစုပေါင်းအရွယ်အစားတွင် 135,000,000 pixels ထက်မကျော်သင့်ဘူး” လို့ Facebook ကပြောထားပါတယ်။ အချိုးအစားကတော့ 2:1 ဖြစ်ပါတယ်။
အကြံပြုချက်များ
- Facebook က “360 ready Device တွေကို အသုံးပြုပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ တွေ့ရတဲ့ ကင်မရာ-သီးသန့် metadata” ကို အခြေခံပြီး ပုံတွေကို အလိုအလျောက် အသိအမှတ်ပြု လုပ်ဆောင်ပါတယ်။
- Facebook ပုံတွေအတွက် ဖိုင်size ကတော့ JPEG အတွက် 45 MB သို့မဟုတ် PNGs အတွက် 60 MB အထိ ရှိနိုင်ပါတယ်။
- Facebook ကတော့ 360 ဓာတ်ပုံတွေအတွက် JPEGs ကိုအသုံးပြုရန် အကြံပြုထားပြီး ဖိုင်တွေကလည်း 30 MB ထက်ပိုမှာ မဟုတ်ပါဘူး။
Facebook Stories အတွက် Facebook ပုံအရွယ်အစားများ– 1080 x 1920 pixels
အကြံပြုချက်များ
- Facebook Stories တွေက ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်အပြည့် နေရာယူပြီး 9:16 အချိုးရှိပါတယ်။
- Story တွေမှာတော့ 500 pixel ထက်ကျယ်တဲ့ပုံတွေကို မသုံးသင့်ပါဘူး။
- စာသားပါတဲ့ Stories တွေအတွက်၊ အပေါ်နှင့်အောက်ခြေကို စာသားမပါဘဲ 14% ချန်ထားဖို့လိုပါတယ်.။ ( 250 pixels) ။ ဒါမှ ကိုယ့် brand ရဲ့ call to action တွေကို ပရိုဖိုင်ဓာတ်ပုံတွေ button တွေက ကွယ်မသွားမှာ ဖြစ်ပါတယ်။
Ads များအတွက် Facebook ပုံအရွယ်အစားများ
Facebook Feed က ads တွေအတွက် အရွယ်အစား ကတော့ 1080 x 1080 pixel ဖြစ်ပါတယ်။
Minimum Sizes: 600 x 600 pixels
Ratio 1.91:1 မှ 1:1
Maxium File Size: 30 MB
Facebook Right Column Ads အတွက် အရွယ်အစားများ– 1080 x 1080 pixels
Minimum sizes : 254 x 133 pixels
Ratio : 1:1 (Desktop Ads Format)
Instant Articles အတွက် Facebook ပုံအရွယ်အစားများ– အနည်းဆုံး 1080 x 1080 pixels
Ratio : 1.91:1 မှ 1:1
Maximum File Size : 30 MB
Facebook Marketplace ကြော်ငြာများအတွက် ပုံအရွယ်အစားများ– အနည်းဆုံး 1080 x 1080 pixels
Ratio : 1:1
Maximum File Size : 30 MB
Sponsored Messages အတွက် Facebook ရုပ်ပုံအရွယ်အစားများ– အနည်းဆုံး 1080 x 1080 pixels Ratio : 1.91:1 မှ 1:1
Maximum File Size : 30 MB
Messenger Inbox Adsအတွက် အရွယ်အစားများ- အနည်းဆုံး 1080 x 1080 pixels
Ratio: 1:1
Minimum sizes : 254 x 133 pixels
Maximum File Size : 30 MB
Messenger Stories Adsများအတွက် အရွယ်အစားများ– အနည်းဆုံး 1080 x 1080 pixels
Ratio : 9:6
MInimum Width : 500 pixels
Facebook ပေါ်က သင့် Brand အတွက် သေသပ်လှပတဲ့ Design တွေနဲ့ အမိုက်စား Contentတွေအတွက်တော့ Digital Dots ရဲ့ Social Media Service တွေကို ရယူလိုက်ပါ။
Resource: Here’s more info on how to advertise on Facebook.
Ready to work with us?
Hire a professional team and get your project done efficiently.
or call us on +95 9 8989 460 15
Recent Posts
- TikTok Introduces Search Ads with Keyword Targeting: What You Need to Know
- YouTube Takes on AI Deepfakes with New Detection Processes
- Boost Your Website Traffic with These Content Ideas
- Top 5 Useful AI Tools
- How to Gain Followers on TikTok
- The Advantages and Disadvantages of Using a VPN
- 5 Social Media Marketing KPIs to Track for Success
Social Media Management
Social media marketing or management refers to the process of gaining traffic or attention through social media sites. We help brands use it to connect in meaningful ways.