Emotional Marketing ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ ကျွန်တော်တို့ Brand ကို သတိထားမိစေဖို့၊ အမှတ်ရနေစေဖို၊ Brand အကြောင်းတွေကို မျှဝေဖို့ စိတ်ခံစားမှုတွေကို အဓိကထားပြီး စျေးကွက်ရှာဖွေခြင်းလို့ ပြောနိုင်ပါတယ်။ လွယ်ကူအောင်ပြောရရင်တော့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဆီကနေ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသ၊ အကြောက်တရား စတဲ့ ခံစားတခုခု ထုတ်ဖော်တုံ့ပြန်လာအောင် Story Lineတွေဖန်တီးပြီး Brand ကိုကြေငြာတာမျိုးကို ဆိုလိုပါတယ်။
ကျွန်တော်တို့ရဲ့ emotions လို့ခေါ်တဲ့ စိတ်ခံစားချက်အများစုဟာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်ရွှံ့ခြင်း၊ ဒေါသဖြစ်ခြင်း ဒီလေးခုအပေါ်မှာ များသောအားဖြင့် အခြေခံထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Emotional Marketing ကို အသုံးပြုတဲ့အခါ ပျော်ရွှင်မှုတစ်ခုတည်းကိုပဲ အားတိုက်ရည်ရွယ်ပြီး အသုံးပြုရမှာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ ထုတ်ကုန်( သို့မဟုတ်) ဝန်ဆောင်မှု၊ အသုံးပြုသူပေါ်မှာ မူတည်ပြီး ဘယ်လို စိတ်ခံစားချက်မျိုးက ထိရောက်စေမလဲဆိုတာကို နက်နဲစွာတူးဆွပြီးမှ ရည်ညွှန်းအသုံးပြုရမှာ ဖြစ်ပါတယ်။
Emotional Marketing ကို ကျွန်တော်တို့ ဘာကြောင့် အသုံးပြုသင့်လဲဆိုရင်တော့ လူတိုင်းဟာ ခံစားတတ်ကြလို့လို့ပဲ ဖြေရပါလိမ့်မယ်။ ဥပမာ ကျွန်တော်တို့ဝမ်းနည်းစရာ ရုပ်ရှင်တစ်ပုဒ်ကို ကြည့်ကြတဲ့အခါ ရုပ်ရှင်နဲ့အတူ စီးမျောရင်းဝမ်းနည်းလာတတ်ကြပြီး ကြောက်စရာ ရုပ်ရှင်တစ်ခုကို ကြည့်ကြတဲ့အခါလည်း အကြောက်တရားတွေ ကူးစက်လာတတ်ပါတယ်။ ဒါက လူတွေရဲ့ သဘောသဘာဝ တစ်ခုပဲဖြစ်ပြီး ဒီအချက်ကပဲ Emotional Marketing က ကျွန်တော်တို့အတွက် အလုပ်ဖြစ်စေပါတယ်။ ဒါ့အပြင် ဒီအချက်တွေကြောင့်
Emotional Marketing ကို လုပ်ဆောင်သင့်ပါတယ်။
- Emotional Marketing က လုပ်ငန်းအတွက် First Impressions ကောင်းစေပါတယ်။
- Emotional Marketing က ဝယ်သူတွေကို သူတို့နှလုံးသားနဲ့ ဆုံးဖြတ်အောင်က ပြုလုပ်ပေးပါတယ်။
- ပျော်ရွှင်မှုကို ဦးတည်တဲ့ Emotional Marketing က လူတွေကို သင့်ရဲ့ Brand အကြောင်း မျှဝေစေပါတယ်။
- ဝမ်းနည်းမှုကို ဦးတည်တဲ့ Content တွေက လူတွေကို စာနာနည်းလည်စေပြီး ချိတ်ဆက်မိစေပါတယ်။
- အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုကိုဖော်ပြတဲ့ Content တွေက ကိုယ့် Brand ကိုသက်တောင့်သက်သာဖြစ်စေတဲ့အရာလို့ အမြင်ရောက်စေပြီး loyal customer ဖြစ်စေပါတယ်။
- ပျော်ရွှင်မှုလိုပဲ ဒေါသနှင့် စိတ်အားထက်သန်မှုကဲ့သို့သော ပြင်းထန်သော စိတ်ခံစားမှုကို ဖော်ပြတဲ့အကြောင်းအရာတွေကလည်း လူတို့ကို အကြောင်းအရာမျှဝေရန် လှုံ့ဆော်ပေးနိုင်ပါတယ်။
သင့်ရဲ့ Brand အတွက် Social Media Marketing ကို ဗျူဟာမျိုးစုံနဲ့ စျေးကွက်ချဲ့ထွင်ချင်ရင်တော့ Digital Dots ကိုဆက်သွယ်လိုက်ပါ။
Ready to work with us?
Hire a professional team and get your project done efficiently.
or call us on +95 9 8989 460 15
Social Media Management
Social media marketing or management refers to the process of gaining traffic or attention through social media sites. We help brands use it to connect in meaningful ways.