Content / Copy တွေ ရေးတဲ့ အခါမျိုးမှာ Idea တွေ ခန်းသွားတဲ့ အခါမျိုးရှိတတ်ပါတယ်။
အဲ့လိုအချိန်ခါမျိုးကျရင်တော့ ဘယ်လိုမျိုးအတွေးတွေ ကိုပြောင်းပြီး စဉ်းစားရမလဲဆိုပြီး
အကြံထုတ်ရပါရော။ အဲ့အတွက် Content ဆန်းဆန်းလေးတွေ ထွက်လာအောင် Idea
ချိတ်ဆက်တွေးခေါ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
၁။သမိုင်းနဲ့ချိတ်ဆက်တွေးမယ်
.
မြန်မာဆိုတော့လည်း သမိုင်းကြောင်းနဲ့တွေ့ ရင်စိတ်ဝင်စား တတ်ကြပါတယ်။အဲ့တာကြောင့် သမိုင်းထဲ က လူတွေ ပစ္စည်းတွေ နဲ့ ဆက်စက်ပြီး ရေးသားလို့ ရပါတယ်
၂။အကယ်၍များဆိုတဲ့ အကြောင်းရာကို သုံးပြီးရေးသားမယ်
.
ဒီအကြောင်းအရာကတော့ လူစိတ်ဝင်စားမှုတွေ အများဆုံးခံရပါတယ်။ ဉပမာ − အကယ်၍များ ကမ္ဘာကြီးပျက်တော့မယ့်အချိန်မှာ ယမကာ တစ်ခွက်ကို စိတ်ကြိုက် သောက်ခွင့်ရသွားခဲ့ ရင်သင် ဘယ်အရာကို သောက်ချင်ပါသလဲ? အဲ့လိုပုံစံမျိုးလေးတွေ နဲ့ ပုံမှန်မဟုတ်တဲ့ ရေးသားချက်လေးတွေနဲ့ ဆွဲဆောင်မှရှိရေးလို့ရပါတယ်။
၃။မတူတဲ့ အရာနှစ်ခုကို ပေါင်းစပ်ရေးသားမယ်
.
ဉပမာ − လိ မ္မော်သီးနဲ့ အချစ်က ထပ်တူကျပါတယ်။ အချစ်ဆိုတာကတစ်ကယ်တော့ လိ မ္မော်သီးတစ်လုံးနာမည်ခံသလိုပါပဲ။ အခွံ့ကိုခွာလိုက်ရင်အမွှာလေးတွေ ထွက်လာသလိုမျိုး အချစ်တစ်ခုရဲ့ အတွင်းပိုင်းထဲမှာလည်း မေတ္တာတွေ သံယောဇဉ်တွေ စတာတွေ နဲ့ တည်ဆောက်ထားတာမျိုးကိုဆိုလိုချင်တာပါ။ ဒီလိုပုံစံမျိုးလေး မတူပဲ ခွဲထွက်အောင်ရေးသားကြေညာရေးသားလို့ရပါတယ်။
၄။ကိုးကားချက်လေးတွေ အချက်လေးတွေပဲရေးမယ်
.
တစ်ခါတစ်လေ အရှည်ကြီးတွေ ရေးတာမျိုးမဟုတ်ပဲ တိုတို ရှင်းရှင်း ရေးပေးခြင်းက ပိုပြီးလည်းထိရောက်မှု ရှိသလို ပိုပြီးလည်း ကိုယ့်အတွက် သက်သာစေနိုင်ပါတယ်။
ဒါကြောင့် ခေါင်းထဲမှာပြည့်ကြပ်ပြီးနေရာတွေ မရတော့တဲ့ အခါမျိုးမှာ ဒီလိုပုံစံ လေးတွေစဉ်းစားပြီးရေးသားလို့ရပါတယ်။ အစွမ်းတဖြတ်ဖြတ် သင့်ရဲ့ လက်နဲ့ Content ကောင်းတစ်ပုဒ်ဖန်တီးနိုင်ပါစေနော်။ စိတ်ထဲဗွားခနဲ ပေါ်လာတဲ့ စိတ်ကူးစိတ်သန်းတွေ ကိုအကောင်းမွန်ဆုံးဖန်တီးမှုတွေ ကိုပုံဖော်လိုက်ပါ။
Ready to work with us?
Hire a professional team and get your project done efficiently.
or call us on +95 9 8989 460 15
Recent Posts
- TikTok Introduces Search Ads with Keyword Targeting: What You Need to Know
- YouTube Takes on AI Deepfakes with New Detection Processes
- Boost Your Website Traffic with These Content Ideas
- Top 5 Useful AI Tools
- How to Gain Followers on TikTok
- The Advantages and Disadvantages of Using a VPN
- 5 Social Media Marketing KPIs to Track for Success
Social Media Management
Social media marketing or management refers to the process of gaining traffic or attention through social media sites. We help brands use it to connect in meaningful ways.