Facebook Groups တွေဆိုတာ ကျွန်တော်တို့အတွက် မစိမ်းတဲ့အရာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ လုပ်ငန်းအတွက် ဘယ်လို အကျိုးရှိအောင်အသုံးချရမလဲဆိုတာကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ဒါကြောင့် Facebook Group တွေကနေ ဘယ်လို ရလဒ်ကောင်းတွေရရှိနိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
Facebook Group တွေက ကျွန်တော်တို့ရဲ့ ဖောက်သည်အသစ်တွေကို ရှာဖွေပေးနိုင်ရုံမက ရှိနေနှင့်ပြီးသား ဖောက်သည်တွေကို Loyal Customer အဖြစ်တည်ဆောက်နိုင်ဖို့ အထူးသီးသန့်ဖြစ်တဲ့ Content တွေနဲ့ ဆွဲဆောင်ပြီး Community ဖန်တီးကာ ထောက်ပံ့ပေးနိုင်တဲ့ Facebook Marketing အတွက် အားကောင်းတဲ့ Tool တစ်ခုလို့ပြောလို့ရပါတယ်။
Facebook Group တွေကို အသုံးပြုခြင်းအားဖြင့်
(၁)ဖောက်သည်တွေနဲ့ ရေရှည်ခံမယ့် ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
လူတွေဟာ ကိုယ်စိတ်မဝင်စားတဲ့အကြောင်းအရာအတွက် Group တွေကို join မှာမဟုတ်တာကြောင့် Group ထဲက Memeber တွေဟာ ကျွန်တော်တို့ရဲ့ Brand ကို ကျွန်တော်တို့နဲ့ အတူတူ ချီးမြှောက်အားပေးမယ်သူတွေပဲဖြစ်ပါတယ်။ ဒါကြောင့် Group ထဲက Member တွေအတွက် အထူး promotion တွေ၊ သီးသန့် Sale plan တွေ ဖန်တီးပြီး ရေရှည်ဆက်ဆံရေးကောင်းမွန်ဖို့ တည်ဆောက်ထားသင့်ပါတယ်။
(၂) Organic Reach တွေ တိုးလာစေပါတယ်။
Facebook Page တွေရဲ့ Organic Reach တွေက Follower တွေဆီမှာ 5% လောက်ပဲ သွားပြပါတယ်။ ဒါပေမယ့် Facebook က Group ရဲ့ post တွေကိုတော့ member တွေရဲ့ Newfeed မှာ ဦးစားပေးပြီး ဖော်ပြပေးတာကြောင့် Page ထက် Organic Reach တွေတက်စေမှာတော့ အမှန်ပါပဲ။
(၃)စျေးကွက်သုတေသနလုပ်နိုင်မယ့် နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲတွေ့နိုင်ပြီး တိုက်ရိုက်မေးခွန်းတွေ မေးမြန်းနိုင်တဲ့ တစ်ခုထဲသောနေရာက Facebook Group ပဲ ဖြစ်ပါတယ်။ စျေးကွက်သုတေသနတွေ ကျယ်ကျယ်ပြန့်ပြန့် ဗျူဟာကျကျလုပ်နိုင်ပြီး အချက်အလက်တွေ စုဆောင်းနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် သင့် Brand အတွက် Loyal Customerတွေ လိုချင်ရင်တော့ Facebook Group တွေ တည်ဆောက်ထားသင့်ပါတယ်။
သင့် Brand အတွက် အကောင်းဆုံး Social Media Service တွေကိုတော့ Digital Dots မှာရယူနိုင်ပါပြီ။
Digital Dots Creative Agency
09 8989 460 15, 09 8989 460 45
Email: [email protected]
Ready to work with us?
Hire a professional team and get your project done efficiently.
or call us on +95 9 8989 460 15
Social Media Management
Social media marketing or management refers to the process of gaining traffic or attention through social media sites. We help brands use it to connect in meaningful ways.