ဒီရက်ပိုင်းအတွင်း ခေတ်စားနေတဲ့ AI အကြောင်း ဘယ်လောက်ထိ သိထားပြီးပြီလဲ?
တနေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာတဲ့နည်းပညာနဲ့အတူ လူတွေရဲ့နေထိုင်မှုပုံစံကလည်း တိုးတက်ပြောင်းလဲလာပါတယ်။ Ai (artificial intelligence) လို့ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာကတော့ ဒီနေ့ခေတ်ထဲကို Chatbots တွေ၊ Smart Device တွေ မောင်းသူမဲ့ကားတွေ အစရှိသဖြင့် မျိုးစုံကနေ ထိုးဖောက်ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ဒါ့အပြင် Digital Marketing ပိုင်းမှာလည်း Ai တွေက အချိန်ကုန်ငွေကုန်သက်သာစေပြီး customer experiences တွေ ကောင်းမွန်စေပါတယ်။ ဒါဆို Digital Dots နဲ့အတူတူ AI အကြောင်းကို လေ့လာကြည့်ရအောင်
Ai (Artificial Intelligence) ဆိုတာ ဘာလဲ
Ai (Artificial Intelligence) ဆိုတာကတော့ လူသားတွေလို စဉ်းစားတွေးခေါ်နိုင်သည်အထိ ဉာဏ်ရည်ဉာဏ်သွေးရှိတဲ့ အလိုအလျောက်စက်တွေကို ဖန်တီးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ ကျွန်တော်တို့ Digital Marketing ပိုင်းမှာလည်း ဒီနည်းပညာကို အသုံးပြုထားတဲ့ ပရိုဂရမ်များစွာ ရှိပါတယ်။
Digital Marketing ပိုင်းမှာရော Ai ကို ဘယ်နေရာတွေမှာ အသုံးပြုတာလဲ
Ai တွေထဲမှာ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံးအပိုင်းကတော့ Chat Bots တွေပဲဖြစ်ပါတယ်။
Alexa တို့ Siri တို့လို Ai တွေဟာ ဒီနေ့ခေတ်မှာ ကျွန်တော်တို့နဲ့ မစိမ်းတော့သလို Social Media တွေ website တွေမှာလည်း Ai နည်းပညာနဲ့ ပြုလုပ်ထားပြီ ဖြစ်တဲ့ chatbots တွေအသုံးပြုနေကြပြီ ဖြစ်ပါတယ်။ Ai chatbots တွေက ပိုမိုသေချာတိကျတဲ့အဖြေတွေ ပေးနိုင်တဲ့အပြင် 24/7 အလုပ်လုပ်နိုင်တာကြောင့် Customer experience တွေကို ပိုမိုကောင်းမွန်စေပါတယ်။
ယခုရက်ပိုင်းမှာတော့ Ai နည်းပညာနဲ့ဆွဲထားတဲ့ Computer Generated Art တွေကို ထုတ်လုပ်လာနိုင်တာကိုတွေ့မြင်လာရပါတယ်။ www.midjourne.com ကိုဝင်ပြီး Discord က Mid journey Bot ကနေတစ်ဆင့် မိမိအတွေးတွေကို prompt ပေးလိုက်ရုံနဲ့ Ai ကအနီးစပ်ဆုံးပုံတွေကို ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။
ဒါတွေကို ကြည့်ချင်းအားဖြင့် မဝေးတော့တဲ့ အနာဂတ်မှာ AI တွေလွှမ်းမိုးထားတဲ့ ကမ္ဘာသစ်ကြီးကို ပုံဖော်ကြည့်နိုင်ပြီဖြစ်ပါတယ်။
လူကြီမင်းတို့ရဲ့ လုပ်ငန်း အနာဂတ်အတွက်ရော ဘာတွေပြင်ဆင်ပြီးပြီလဲ?
နည်းပညာအသစ်တွေရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့
Digital Dots နဲ့သာ လက်တွဲလိုက်ပါ။
Ready to work with us?
Hire a professional team and get your project done efficiently.
or call us on +95 9 8989 460 15
Recent Posts
- Planning for 2023: Facebook Rebranding Tips
- Social Media Marketing Trends in 2023
- Why Use TikTok in Myanmar?
- Cloud Hosting vs Shared Hosting: Know the Differences
- ဒီရက်ပိုင်းအတွင်း ခေတ်စားနေတဲ့ AI အကြောင်း ဘယ်လောက်ထိ သိထားပြီးပြီလဲ?
- ဘာကြောင့် Boost ဖို့လိုအပ်တာလဲ
- ဘာကြောင့် သင့် Brandအတွက် Facebook Group တွေကို အသုံးချသင့်တာလဲ
Social Media Management
Social media marketing or management refers to the process of gaining traffic or attention through social media sites. We help brands use it to connect in meaningful ways.