Content ဘယ်လောက်များများရေးရေး ကောင်းမွန်တဲ့ Content တွေဖန်တီးနိုင်ဖို့ဆိုတာပိုအရေးကြီးပါတယ် ။ Engagement ကောင်းပြီး ထိရောက်တဲ့ content တွေကို လွယ်လွယ်ကူကူ ဖန်တီးနိုင်မယ့် လျို့ဝှက်ချက် (၇) ချက်ကို Digital Dots ကနေ မျှဝေပေးလိုက်ပါတယ်။
1. အာရုံဖမ်းစားနိုင်မယ့် ခေါင်းစီး (tag line )တစ်ခု ဖန်တီးပါ။
သင့်ရဲ့ Audience က သူရဲ့အလုပ်ချိန်တွေထဲက ဖယ်ပြီး ph screen ကိုကြည့်လိုက်တဲ့တစ်ချက်မှာ ကိုယ့် content ကိုကျော်မသွားစေဖို့ဆိုရင် အာရုံဖမ်းစားနိုင်မယ့် ခေါင်းစီးတစ်ခု လိုပါတယ်။ Audience က ကိုယ့်စာကို ဖတ်မှ ကိုယ်လိုချင်တဲ့ ရလဒ်တွေလည်း ရရှိနိုင်မှာ ဖြစ်တာကြောင့် မဖတ်ဘဲမနေနိုင်အောင် catchy ဖြစ်နေစေမယ့် ခေါင်းစီးမျိုး လိုကို လိုအပ်ပါတယ်။ ဒီနေရာမှာ tag line ကိုပံ့ပိုးပေးမယ့် visual design ကလည်း အရေးကြီးပါတယ်။
2. သူတို့ရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်တဲ့ Hook တစ်ခုကို ဖန်တီးပါ။
New feed မှာ post တစ်ခုမှာ tag line ပြီးရင်တော့ tag line နဲ့ အချိတ်အဆက်မိနေစေမယ့် ပထမဆုံး သုံးစက္ကန့်စာ စာကြောင်းလေးတွေကလည်း အရေးကြီးပါတယ်။ Facebook ရဲ့ Newfeed မှာတော့ ပုံရဲ့အပေါ်မှာ သုံးကြောင်းအထိ ဖတ်ရှုနိုင်တာကြောင့် ဒီသုံးကြောင်းကို content အဆုံးထိ မျှားခေါ်နိုင်တဲ့ ချိတ်ကလေးအဖြစ် အသုံးချသင့်ပါတယ်။
3. သုတေသနပြုပါ။
Brand တစ်ခုအကြောင်းကို စရေးတော့မယ်ဆိုရင်တော့ ကိုယ့်product သို့မဟုတ် service အကြောင်းကို သေချာလေ့လာပြုစုထားဖို့လိုပါတယ်။ အထူးသဖြင့် B2B ရောင်းတဲ့ product မျိုးမှာ ယုံကြည်မှုကိုဖော်ဆောင်နိုင်ဖို့အတွက် statistics, data နဲ့ metrics တွေအထိပါ လေ့လာထားဖို့ လိုပါတယ်။
4. Content တစ်ခုအတွက်ရည်ရွယ်ချက်တစ်ခုတည်းကိုပဲ ဦးတည်ပြီးရေးပါ။
Content တစ်ခုမရေးခင် ကိုယ်က အရောင်းအတွက်ရေးမှာလား၊ brand အကြောင်းရေးမှာလား စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီးမှ ရည်ရွယ်ချက်တစ်ခုတည်းကို ဦးတည်ရေးတာ ပိုကောင်းပါတယ်။
5. မတူထူးခြားတဲ့ လေသံ တစ်ခုဖန်တီးပါ။
Brand တစ်ခုအတွက် ကိုယ်ရေးလိုက်တဲ့ content လေသံဟာ ကိုယ့် brand ရဲ့လေသံဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့် audience နဲ့ ကိုယ့် product နဲ့ ကိုက်ညီမယ့် လေသံမျိုးကိုသာ တသမတ်တည်း အသုံးပြုသင့်ပါတယ်။
6. အကြောင်းအရာ မတူညီတဲ့ Content တွေကို ဖန်တီးပါ။
ကိုယ့် page က Audience တွေငြီးငွေ့မသွားစေဖို့ တစ်ပုဒ်နဲ့ တစ်ပုဒ် မတူညီတဲ့ content မျိုးစုံကိုဖန်တီးဖို့ လိုပါတယ်။
7. တည်းဖြတ်ပါ။
ရေးပြီးသား content တွေကို အထပ်ထပ်ဖတ်ပြီး ပြန်တည်းဖြတ်တာကလည်း content ကောင်းတွေ ထွက်လာစေပါတယ်။
ဖော်ပြပါအချက်တွေနဲ့အညီ Page မှာ Customer အခိုင်အမာရရှိဖို့ Digital Dots Creative Agency မှ Content တွေကို ဖန်တီးပေးနေပါပြီ
DigitalDotsCreativeAgency
Ready to work with us?
Hire a professional team and get your project done efficiently.
or call us on +95 9 8989 460 15
Recent Posts
- Boost Your Facebook Page Strategies to Increase Reach and Engagement
- YouTube Introduces 'Members Only Shorts' to Boost Creator Subscriptions
- The Return of Pokes A Nostalgic Revival on Facebook
- Social Platform Image Size Requirements in 2024 A Comprehensive Guide
- Understanding Social Media Platform Performance Engagement Per Post
- TikTok Provides Creative Strategy Tips
- Instagram's New Frontier Testing Carousel Posts
Social Media Management
Social media marketing or management refers to the process of gaining traffic or attention through social media sites. We help brands use it to connect in meaningful ways.